close_button

ဂျပန်နိုင်ငံ၏ ထိပ်တန်း

Modular Space ထုတ်လုပ်သူ

၁။ Modular အဆောက်အအုံများကို မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍတိုင်းတွင် အချိန်မရွေး၊ နေရာမရွေး ပြုလုပ်ပေးလျက်ရှိသည်။

၂။ မြန်မာနိုင်ငံတွင် Modular အဆောက်အအုံ ဖြေရှင်းချက်များဖြင့် ပံ့ပိုးလျက်ရှိသည်။

လျင်မြန်ပြီး ထိရောက်မှုရှိသည့် တပ်ဆင်မှု

ဂျပန်နိုင်ငံ၏ အရည်အသွေး စံနှုန်းများအတိုင်း ထုတ်လုပ်ထားခြင်း

တစ်ရက်စာ ငှားရမ်းနိုင်ခြင်းနှင့် ဝယ်ယူနိုင်ခြင်း

Modular Space ၏ လုပ်ဆောင် ဖြေရှင်းချက်များ

တပ်ဆင်ရ လွယ်ကူခြင်းနှင့် မိမိစိတ်ကြိုက်ပုံစံမှာယူနိုင်သဖြင့် ကျွန်တော်တို့၏ ကြိုတင်ပြုလုပ်ထားသည့် ယာယီအဆောက်အအုံများသည် လုပ်ငန်းကဏ္ဍတိုင်းနှင့် သင့်လျော်ပြီး ၎င်းတို့ကို ယနေ့တွင် ဆောက်လုပ်ရေး၊ ပညာရေး၊ လက်လီ၊ အခမ်းအနားပွဲများနှင့် အခြားနေရာများတွင် အသုံးပြုလျက်ရှိသည်။

လုပ်ငန်းခွင်ရုံး

ရိုးမစင်ထရယ်၊ ရန်ကုန်၊ မြန်မာ

ပြီးပြည့်စုံသည့် သုံးထပ် modular ယာယီအဆောက်အအုံဖြစ်ပြီး စီမံကိန်းကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် လသာဆောင်လည်းပါရှိသည်။ လုပ်ငန်းခွင်ရုံးကို လျင်မြန်စွာ တပ်ဆင်နိုင်မှုကြောင့် ဖောက်သည်အနေဖြင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အချိန်တိုအတွင်း အဆင်ပြေစွာ ပြန်လည်လုပ်ဆောင်နိုင်သည်။ ၎င်းတို့၏ လုပ်ငန်းဆောင်တာ လိုအပ်ချက်အရ သင့်လျော်သည့် နေရာအကျယ်အဝန်းထားရှိပြီး သန့်စင်ခန်းများ၊ မီးဖိုချောင်နှင့် လေအေးပေးစက်များလည်း ပါရှိသည်။

ယာယီရုံးခန်း

။ MPT၊ ရန်ကုန်၊ မြန်မာ။

ဖောက်သည်၏ ရုံးအဆောက်အအုံတွင် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် ၎င်း၏ အဖွဲ့ဝင်များအတွက် ရှိရင်းစွဲ မြေနေရာတွင် နှစ်ထပ် ယာယီရုံးအဆောက်အအုံကို တပ်ဆင်ပေးခဲ့သည်။ modular အဆောက်အအုံတွင် ဟောခန်းပုံစံ ရုံးခန်းအပြင် အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုများအတွက် အစည်းအဝေးခန်းလည်း ပါရှိသည်။ ဖောက်သည်၏ လုပ်ငန်းလည်ပတ်ခြင်းအပေါ် နှောက်ယှက်မှုမရှိစေရန် ယာယီရုံးခန်းကို အတက်နိုင်ဆုံး လျင်မြန်စွာ တပ်ဆင်လုပ်ဆောင်ခဲ့သည်။

စာသင်ခန်း

ဂျပန်စာသင်ကျောင်း

စာရင်းပေးသွင်းသည့် ကျောင်းသားအရေအတွက် အမှတ်မထင် များပြားလာမှုကြောင့် စာသင်ခန်းအသစ်များ အရေးပေါ် လိုအပ်လာခဲ့သည်။ ကျောင်းသူကျောင်းသားများအပေါ် နှောက်ယှက်မှု မရှိစေရန် တပ်ဆင်ဆောက်လုပ်မှုကို ဂရုတစိုက် လုပ်ဆောင်ခဲ့ပြီး စာသင်နှစ်အတွက် သင်တန်းများမစမှီ နှစ်ထပ်စာသင်ဆောင်ကို အပြီးဆောက်လုပ်နိုင်ခဲ့သည်။

Modular အဆောက်အအုံ၏ အားသာချက်များ

ခိုင်ခံ့ခြင်း

မီးဒဏ်နှင့် သဘာဝဒဏ်ကြောင့် ဖြစ်ပေါ်သည့် ပျက်စီးမှုများကို ခံနိုင်ရည်ရှိပြီး မြန်မာနိုင်ငံ၏ ယာယီအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများအတိုင်း လိုက်နာပြုလုပ်ထားသည်။

မြန်ဆန်ခြင်း

အရည်အသွေး တိကျမှန်ကန်မှုရှိစေရန် လုပ်ငန်းခွင်တွင် တပ်ဆင်မည့် အခန်းတိုင်းကို စက်ဖြင့်သာ ထုတ်လုပ်ထားပြီး တပ်ဆင်ဆောက်လုပ်မှုအတွက် အချိန်ကုန်မှုကို ၅၀% အထိ လျော့ချပေးနိုင်သည်။

လိုက်လျောညီထွေမှုရှိခြင်း

ပြန်လည် တပ်ဆင်အသုံးပြုနိုင်သည့်အပြင် တစ်ရက်ချင်းစီလည်း ငှားရမ်းနိုင်သည့် အခန်းများသည် ၉ မီတာအထိ ကျယ်ဝန်းပြီး အခြားအပို အစိတ်အပိုင်းများ ထပ်မံတပ်ဆင်ရန် မလိုအပ်ပါ။

လုံခြုံစိတ်ချရခြင်း

ထည့်သွင်းတည်ဆောက်ထားသော လျှပ်စစ်မီးများနှင့် တိုင်များသည် အော်တိုစနစ်ဖြစ်သည့်အတွက် လူအင်အား အနည်းငယ်ဖြင့် လွယ်ကူစွာ တပ်ဆင်နိုင်ပြီး အန္တရာယ်ဖြစ်နိုင်မှုကိုလည်း လျော့နည်းစေသည်။

ပတ်ဝန်းကျင်အတွက် သဟဇာတဖြစ်ခြင်း

ပြန်လည်အသုံးပြုနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ထားပြီး အခန်းများကို လွယ်ကူစွာ ပြန်လည်ဖြုတ်ယုူနိုင်ရန် ပြုလုပ်ထားသည်။ အသုံးပြုပြီးသော modular အဆောက်အအုံများကိုလည်း ပြန်လည်တပ်ဆင် အသုံးပြုနိုင်သည်။

လိုအပ်သော နေရာတိုင်းအတွက် ဆန်းသစ်သည့် modular ကုန်ပစ္စည်းများ

လိုအပ်သော နေရာတိုင်းအတွက် ဆန်းသစ်သည့် modular ကုန်ပစ္စည်းများ

close_button

အမေးများသော မေးခွန်းများ

ထပ်မံသိရှိလိုသည်များအတွက် ကျွန်တော်တို့ကို ဒီနေ့ဘဲ ဆက်သွယ်လိုက်ပါ။

ကုန်ကျစရိတ်သည် သင့်လိုအပ်ချက်နှင့် အကျယ်အဝန်းအပေါ်တွင် မူတည်သည်။ စုံစမ်းမေးမြန်းသည့်ဖောင်တွင် ဖြည့်စွက်ရေးသားပေးပါက ကျွန်တော်တို့၏ အဖွဲ့ဝင်မှ အသေးစိတ် ဆွေးနွေးတိုင်ပင်ရန် ပြန်ဆက်သွယ်ပါမည်။

ကျွန်တော်တို့၏ modular အခန်းများကို ပေါ့ပါးသည့် သံမဏိ၊ အရောင်ပါသည့် သံမဏိပြား နံရံများ နှင့် အထပ်သားတို့ဖြင့် တည်ဆောက်ထားသည်။ ရာသီဥတုဒဏ် ခံနိုင်စေရန် စတိုင်းရင်းရေမြှုပ် နှင့် အစိုပြန်ခံနိုင်သည့် အပြားများကိုလည်း အခန်းအဆောက်အအုံတိုင်းတွင် ထည့်သွင်းပြုလုပ်ထားသည်။

အခန်းအဆောက်အအုံတိုင်းကို လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် တပ်ဆင်ဖြုတ်ယူနိုင်ရန် ပြုလုပ်ထားပြီး ပြန်လည်အသုံးပြုနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားသည်။

လှေကားများ၊ နံရံများ၊ အဆောက်အအုံ၏ အတွင်းအပြင်နှင့် အခြားလိုအပ်ချက်များအတွက် စိတ်ကြိုက် ရွေးချယ်မှာယူနိုင်စေရန် ဆောင်ရွက်ပေးသည်။ သင်အား စိတ်တိုင်းကျစေမည့် modular အခန်းအဆောက်အအုံအတွက် အသေးစိတ်သိရှိလိုပါက စုံစမ်းမေးမြန်းသည့် ဖောင်တွင် ရေးသားဖြည့်စွက်၍ ကျွန်တော်တို့အဖွဲ့နှင့် ဆွေးနွေးတိုင်ပင်နိုင်သည်။

ကျွန်တော်တို့၏ modular အခန်းများသည် တပ်ဆင်ရလွယ်ကူအောင် ပြုလုပ်ထားခြင်းကြောင့် တစ်ရက်တွင် အခန်းပေါင်း ၈ ခုကို တပ်ဆင်ဆောက်လုပ်နိုင်သည်။ အသေးစိတ် သိရှိလိုပါက စုံစမ်းမေးမြန်းသည့် ဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ်နိုင်သည်။

လိုအပ်ချက်များ
ငှားရမ်းခြင်း
ဝယ်ယူခြင်
အသုံးပြုကာလ
  • စက်ရုံ (သို့) လုပ်ငန်းများတွင် အသုံးပြုမည့် ယာယီအဆောက်အအုံများအတွက် သင့်လျော်သည်။ (တစ်ရက် မှ ၂ နှစ်အထိ)
  • ရေရှည်အသုံးပြုမည့် ကျောင်းများ၊ ဆေးရုံများနှင့် အခြားအဖွဲ့အစည်းများအတွက် သင့်လျော်သည်။
ကုန်ကျစရိတ်
  • သက်သာသော ကနဦး ရင်းနှီးမြှုပ်နှံမှု
  • လစဉ် ငှားရမ်းခပေးခြင်း အထူးသဖြင့် သုံးစွဲမည့်ကာလ အတိအကျမသိခြင်းကြောင့် ရေရှည်တွင် ကုန်ကျစရိတ်တက်ခြင်း။
  • ကနဦး ရင်းနှီးမြှုပ်နှံမှုများခြင်း
  • ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်း
  • အဆောက်အအုံ ထိမ်းသိမ်းမှုနှင့် ပြုပြင်ခအတွက် ကုန်ကျစရိတ်ရှိခြင်း။
  • ပြည်တွင်း အဆောက်အအုံအခွန် ပေးဆောင်ရန် လိုအပ်နိုင်ခြင်း။
စိတ်ကြိုက်ရွေးချယ်မှုများ
  • လိုချင်သည့် စိတ်ကြိုက်ပုံစံအတွက် ရွေးချယ်စရာ နည်းပါးခြင်း။
  • လိုချင်သည့် စိတ်ကြိုက်ပုံစံအတွက် ကန့်သတ်မှုမရှိ ရွေးချယ်နိုင်ခြင်း။
ရွေးချယ်မှု
  • ရွေးချယ်စရာ modular အခန်းများ နည်းပါးခြင်း
  • အခန်းများ စုံလင်များပြားခြင်း

၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ထိပ်တန်း modular space ထုတ်လုပ်ဖြန့်ချိသူဖြစ်သည်။ အစောပိုင်း ကနဦးအချိန်တွင်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် ရေချိုးကန်များ နှင့် နှစ်ထပ်ကားပါကင် အဆောက်အအုံ စနစ်တို့ကို ဈေးကွက်တွင် ဦးစွာလုပ်ဆောင်ခဲ့သူဖြစ်သည်။ တီထွင်ဖန်တီးကြံဆနိုင်ရန် အခွင့်အလမ်းများ ရှိလာသည်နှင့်အမျှ စိန်ခေါ်မှုများလည်း တွေ့ကြုံလာရသည်။ ဝန်ထမ်းများ၊ လူ့အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်တို့အပေါ် သမာဓိရှိခြင်း နှင့် ဂရုဏာထားရှိခြင်းတို့သည် ကျွန်တော်တို့ လုပ်ငန်းအလေ့အထများ၏ အခြေခံအုတ်မြစ်ဖြစ်သည်။

Copyright © 2020 Sankyo Frontier Co., Ltd. All rights reserved.

၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ထိပ်တန်း modular space ထုတ်လုပ်ဖြန့်ချိသူဖြစ်သည်။ အစောပိုင်း ကနဦးအချိန်တွင်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် ရေချိုးကန်များ နှင့် နှစ်ထပ်ကားပါကင် အဆောက်အအုံ စနစ်တို့ကို ဈေးကွက်တွင် ဦးစွာလုပ်ဆောင်ခဲ့သူဖြစ်သည်။ တီထွင်ဖန်တီးကြံဆနိုင်ရန် အခွင့်အလမ်းများ ရှိလာသည်နှင့်အမျှ စိန်ခေါ်မှုများလည်း တွေ့ကြုံလာရသည်။ ဝန်ထမ်းများ၊ လူ့အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်တို့အပေါ် သမာဓိရှိခြင်း နှင့် ဂရုဏာထားရှိခြင်းတို့သည် ကျွန်တော်တို့ လုပ်ငန်းအလေ့အထများ၏ အခြေခံအုတ်မြစ်ဖြစ်သည်။

Copyright © 2020 Sankyo Frontier Co., Ltd.

All rights reserved.